1. 2.

ကရင့်တော်လှန်ရေးအစပိုင်းတွင် ကချင်တပ်များပူးပေါင်းပါဝင်မှု မှတ်တမ်းအကျဉ်းချုပ


ကရင့်တော်လှန်ရေးအစပိုင်းတွင် 
ကချင်တပ်များပူးပေါင်းပါဝင်မှု
မှတ်တမ်း အကျဉ်းချုပ်

၁၉၄၈ခုနှစ်မြန်မာပြည်လွတ်လပ်ရေးရအပြီး အုပ်စုဖွဲ့သောနိုင်ငံရေးလှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။ အမှန်မှာ နိုင်ငံရေးအဖွဲ့အစည်းများသည်လွတ်လပ်ရေးမရခင်ကတည်းက ရှိနေပြီးသားဖြစ်သည်။

လွတ်လပ်ရေးရပြီးနောက် ပေါ်ပေါက်လာသောအုပ်စုများမှာ
(၁)ဗမာပြည်ကွန်မြူနစ်ပါတီ။
(၂) ရဲဘော်ဖြူ။
(၃) အလံနီ။
(၄) ကေ အန်န်ဒီအို။
(၅) အမ်မ်အန်န်ဒီအို များ ထင်ပေါ်ကျော်ကြားလာသည်။

၎င်းတို့အထဲမှ ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် ရဲဘော်ဖြူတို့သည် ဖဆပလကိုမကျေနပ်(ထိုင်ခုံလုကြသည်)၊
ထို့ကြောင့် ဦးစွာတောခိုကြသည်။
ဖဆပလ အစိုးရကို လက်နက်ကိုင်တိုက်ပွဲဝင် တော်လှန်ပုန်ကန်ကြသည်။
ဂျပန်ခေတ် သို့မဟုတ် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက် မြန်မာပြည်လွတ်လပ်ရေးမရခင် အင်္ဂလိပ်အစိုးရ က
မြန်မာနိုင်ငံအတွက် စစ်တပ်များဖွဲ့စည်းပေးခဲ့သည်။
မြန်မာပြည်ကိုကာကွယ်ရန် အောက်ပါအတိုင်းဖွဲ့စည်းထားသည်။
ဗမာအမျိုးသား သတ်သတ်ဖြင့် ဗမာ့သေနတ်ကိုင်တပ်ရင်း(Burma Rifle) ဗမာ့သေနတ်ကိုင်(၁) တပ်ရင်း(၃) (၄) (၅) (၆)တို့ဖြစ်သည်။

ဗမာ့သေနတ်ကိုင်တပ်ရင်း(၂) (2nd-Burma Rifle)သည် ဗမာ့သေနတ်ကိုင်တပ်ရင်းဟုခေါ်သော်လည်း ၎င်းတပ် ထဲတွင် ကချင်၊ ချင်း၊ ကရင်များသာရှိ၍ ဗမာအမျိုးသားများ လုံးဝမပါဝင်ချေ။ ၎င်းတပ်ရင်းသည် ကုလားပြည် (India)သို့ ဒုတိယကမ္ဘာစစ်အတွင်း ရောက်သွားသောတပ်ဖြစ်သည်။


General Wingate

(Chin dit force)ခြင်္သေ့တပ်ဟုခေါ်သော (General Wingate)၏ တပ်ဖြစ်သည်။
ထိုတပ်ထဲတွင် အင်္ဂလိပ်စစ်သား၊ ဂေါ်ရခါးစစ်သား၊အာဖရိကန်စစ်သားများလည်း ရောနှောပါဝင်သေးသည်။ (2nd-Burma Rifle)တပ်၏တာဝန်မှာ (General Wingate)၏ တပ်များကိုလမ်းပြရန်၊ ထောက်လှမ်းရေး လုပ် ငန်းများလုပ်ရန်ဖြစ်သည်။
လူမျိုးစုများကိုလည်း ကရင်သေနတ်ကိုင်တပ်ရင်း(Karen Rifle) (၁) (၂) (၃)၊ ကချင်သေနတ်ကိုင်တပ်ရင်း (Kachin Rifel) (၁) (၂) (၃)၊ ချင်းသေနတ်ကိုင်တပ်ရင်း (Chin Rifel) (၁) (၂) (Chin Hill Battalion) ဆိုကာ ဖွဲ့စည်းထားသည်။

ထို့နောက်ဗမာ့သေနတ်ကိုင်တပ်များ တောခိုသည်။
ထိုတပ် ရင်းများမှာ (1st-Burma Rifle) (2nd-Burma Rifle) (3rd-Burma Rifle) အချို့(UMPGT) တပ်၊ အခြား
တပ်များ အနည်းငယ်ပါဝင်သည်။
(4th-Burma Rifle)နေ၀င်းကိုင်သောတပ်သည် တောခိုခြင်းမရှိ။
၎င်းတို့တောခိုရန် ပထမ စည်းဝေးသောအခါ ဗိုလ်နေ၀င်းကိုယ်တိုင်ပါဝင်ရန်ဖြစ်သော်လည်း နောက်ပိုင်းမည်ကယ့်
သို့ စိတ်ပြောင်းလဲသွားသည်ကို မသိရပါ။ ပါဝင်ခြင်းမရှိပါ။ တောခိုရန်ပြဿနာကို ဗိုလ်နေ၀င်းအားလုံးသိသည်။
သို့သော် အစိုးရအဖွဲ့အစည်းကို အသိမပေးပါ။
တောခိုသွားသည့်တပ်များကို တိုက်ရန်အတွက် နယ်မြေခွဲပြီးစစ်ဆင်ရေးလုပ်တော့သည်။

(2nd-Kachin Rifle)နှင့်(2nd-Karen Rifle)တပ်များ ပြည်မြို့နယ်ကိုတာဝန်ပေးသည်။
(2nd-Kachin Rifle)မင်္ဂလာဒုံမှ သာယာဝတီသို့၊(2nd-Karen Rifle)မိတ္ထီလာမှရေနံချောင်း၊ အောင်လံ ပြည်မြို့
သို့ ဦးတည်တိုက်ခိုင်းသည်။
ထိုးစစ်ကို (2nd-Kachin Rifle)နှင့်(2nd-Karen Rifle)တပ်များညှပ်ပြီးပြည်မြို့ကို ကွန်မြူနစ်လက်မှ သိမ်းယူရန်
ဖြစ်သည်။

(1st-Kachin Rifle)သည် ပျဉ်းမနား၊တပ်ကုန်း၊ ရမည်းသင်း၊ ကန်သာနယ်မြေများကို ထိုးစစ်ဆင်သည်။ (3rd-Karen Rifle)စစ်ကိုင်းနယ်၊(1st-Karen Rifle)သည် တောင်ငူနယ်၊(2nd-Burma Rifle)သည် ညောင်လေး
ပင် နယ်မြေ၊ (2nd-Chin Rifle)သည် ပဲခူးနယ်မြေ၊ (1st-Chin Rifle) သည် ရန်ကုန်မြို့လုံခြုံရေး ယူထားသည်။

မှတ်ချက် ထိုအချိန်တွင် ဗမာတပ်များ မြို့လုံခြုံရေးဖြစ်သည်။

တောခို၍ ကျန်ရစ်ခဲ့သောတပ်ရင်း (၆)မှ တပ်သားများ ပဲခူးခရိုင်တွင် လှုပ်ရှားမှုအနည်းငယ်ပေးသည်။

(1st-Kachin Rifle)သည် ပျဉ်းမနားနယ်မြေကို တိုက်ခိုက်ရှင်းလင်းရန်အတွက် မေမြို့ ပျဉ်းမနား သာဝတ္ထိ သို့
ရွှေ့ပြောင်းလာပြီး သာဝတ္ထိတွင်ရှေ့တန်းရုံးစိုက်လျက် ၁၉၄၈ခုနှစ် ဧပြီလမှစ၍ ထိုးစစ်ဆင်လေတော့သည်။
၎င်းထိုးစစ်တွင်(C-coy, D-coy)များကိုအသုံးချသည်။
ထိုတပ်ခွဲနှစ်ခွဲကို တပ်ခွဲမှူး ဗိုလ်ကြီးနော်ဆိုင်း အမြဲတမ်းတာဝန်ယူသည်၊ နောက်ပိုင်းလုံခြုံရေးကို(A-coy)က တာဝန်ယူသည်။
ထိုအချိန်တွင် ကွန်မြူနစ်လှုပ်ရှားမှု သိသိသာသာနည်းသွားသည်၊နယ်မြေအများစုကို ထိန်းထားနိုင်ပြီဖြစ်သော် လည်း တောင်တွင်းကြီးနယ်မြေ၌ လှုပ်ရှားမှုများရှိနေသေး၍ ထိုနေရာသို့(D-coy)ကိုတာဝန်ပေးသည်။

တောင်ညို၊ ဟင်းကုန်း ကို (c-coy)မှ တာဝန်ယူတိုက်ခိုက်နေချိန် ၁၉၄၉ခုနှစ်ဇန္န၀ါရီလကုန်ခါနီး(ရက်အတိအကျ မမှတ်မိတော့)တပ်ရင်းမှစာတစောင်(C, D-coy)တပ်ခွဲမှူးထံရောက်လာသည်။
၎င်းစာထဲတွင်  ကရင်သူပုန်ထပြီ ဤစာရရှိပါက ချက်ခြင်းတပ်ရင်းသို့ပြန်လာရန် ဟု ပါရှိပါသည်၊
ထိုစာကြောင့်တပ်ခေါက်လာပြီး သာဝတ္ထိသို့ပြန်စုရုံးကြသည်။
တပ်ရင်းဌာနချုပ်သို့ပြန်ရောက်ပြီး ၂ရက်နားပြီးသောအခါ တပ်ဗိုလ်များစည်းဝေးကြသည်။

တပ်ရင်းမှူး ဒုတိယဗိုလ်ကြီး ဇော်ဂေါင်က ပြောကြားသည်မှာ အခု ကျွန်တော်တို့ အစိုးရလခစားသည့်အတွက် ကရင်ကိုတိုက်ရမည်၊ သို့သော်ကြည့်တိုက်ရမည် ဟုပြောသည်၊ အခြားဗိုလ်တွေဘာမျှမပြောကြ။
ဗိုလ်ဇော်တူး (D-coy)က မြွေကယ့်သို့ဥာဏ်ရှိပြီး ချိုး(ဂျိုး)ကယ့်သို့လိမ္မာရမည် ဟုပြောသောအခါလူတိုင်းဝိုင်း
ရယ်(ရီ)ကြသည်

ညနေပိုင်း(Mess)တွင်တပ်ဗိုလ်များအနားယူသောအခန်း၌ ဘီယာ၊ရမ် သောက်ရင်း အချို့က ဗမာအစိုးရ မ
ကောင်းကြောင်းပြောကြသောအခါ ဗိုလ်ကြီးနော်ဆိုင်းနှင့် တပ်ရင်းမှူးတို့အငြင်းအခုံဖြစ်လေသည်၊
ဗိုလ်ကြီးနော်ဆိုင်း၏အကြောင်းပြချက်မှာ ယခုလက်ရှိကွန်မြူနစ်ကို တိုက်၍မပြီးခင် ကရင်ကိုပြန်တိုက်ရမည်ဖြစ်
၍ မိမိတို့အနေဖြင့် တပ်အကူအညီဘယ်က ရမည်နည်း။
အဓိပ္ပါယ်သည် အစိုးရမကောင်းသဖြင့် လူတိုင်းမကြေမနပ်ဖြစ်နေသောကြောင့် တော်လှန်ကြသည်ကို ဆိုလိုခြင်း
ဖြစ်သည်။

ထိုအခါ တပ်ရင်းမှူးက ဟေ့ နော်ဆိုင်း ခင်ဗျားမလုပ်ချင်လျင် ထွက်ပါ ဟုဆိုသောအခါ ဗိုလ်ကြီးနော်ဆိုင်းက ထွက်ဘို့ပြောနေတာမဟုတ်ဘူး ဟုပြန်ပြောလေသည်၊ ညစာစားပြီးနောက် အုပ်စုဖွဲ့ပြီးစကားပြောကြသည်၊
ဗိုလ်ကြီးနော်ဆိုင်းကို ထောက်ခံသောသူများသည်။

ရေတာရှည်၊ တောင်ငူဘက်သို့ချီတက်ရန် အစီအစဉ်လုပ်ကြလေသည်။


ဆက်လက်ရေးသားဖေါ်ပြပေးသွားပါမည်။

(မင်းစိုးစံ)
အဝေးရောက် ကရင်ဒုက္ခသည်တဦး

မေတ္တာရပ်ခံ အသိပေးခြင်း

အခု သမိုင်းကြောင်းကို စာအုပ်ထဲကနေ ရေးသားကူးယူပြီး နည်းနည်းချင်း တင်ပြနေတာဖြစ်ပါတယ်။
မူရင်းအတိုင်း ၏ သည် မရွေ့ရေးသားတင်ပြထားတာပါ။
စာအုပ်ကလေးက ငယ်သလောက် စာလုံးလေးတွေက အတော်လေးကို သေးငယ်လွန်းလှပါတယ်။
(ကျုပ်ရဲ့ အမြင်အာရုဏ်အနေနဲ့)။

ဒါကြောင့်အတော်ကြီးကို စာလုံး အမှားအယွင်းမရှိရလေအောင်အာရုဏ်စိုက်ပြီး ကူးယူရပါတယ်။
(ကျုပ်ရဲ့ အသက်အရွယ်အရ)။

ဒီတော့ကာ သည်းခံပြီးတော့ စောင့်ဆိုင်းဖတ်ရှုစေလိုပါတယ်။
တဆင့် ကူးယူပြီး လက်ဆင့်ကမ်းကြစေလိုပါတယ်။
သို့သော် တဆင့်ကူးယူဖေါ်ပြပေးမယ်ဆိုလျင် မူရင်းရေးသားတဲ့ ဖူ့တာမိက်ဘလော့ဂ် လိပ်စာလေး
ကိုပါ ပူးတွဲဖေါ်ပြပေးစေလိုပါတယ်။
ရေးသားဖေါ်ပြလိုတဲ့ကျုပ်ရဲ့စိတ်ကို အင်အားဖြည့်ပေးတဲ့အနေနဲ့ပေါ့ဗျာ။

ဝါသနာတူသူ ဘလော့ဂါအားလုံးကို လေးစားပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

Copy from http://phutarmite.blogspot.com/2012/06/blog-post_21.html

လ်ုယါ့ခ၀့်အှ်ဍါ်...

ကရင့်တော်လှန်ရေးအစပိုင်းတွင် ကချင်တပ်များပူးပေါင်းပါဝင်မှု မှတ်တမ်းအကျဉ်းချုပ်

ကရင့်တော်လှန်ရေးအစပိုင်းတွင် 

ကချင်တပ်များပူးပေါင်းပါဝင်မှု 

မှတ်တမ်းအကျဉ်းချုပ် 

သမိုင်းမှတ်တမ်း၏ ရည်ရွယ်ချက်

ဤသမိုင်းမှတ်တမ်း ကရင်တော်လှန်ရေးအစပိုင်းတွင် ကချင်တပ်များပူးပေါင်းပါဝင်မှု မှတ်တမ်းအကျဉ်းချုပ် စာ အုပ်ငယ်ကို ရေးသားပြုစုပေးသူ ဗိုလ်မှူးကြီးဘန်လင်ဇော်တူးအား ရပ်ဝေးကချင်လူငယ်အသင်း(Kachin Youth Association Abroad) မှ အထူးကျေးဇူးဥပကာရ တင်ရှိပါကြောင်း ဦးစွာမှတ်ကျောက်တင်အပ်ပါသည်။

ကရင်အမျိုးသားများနှင့် ကချင်အမျိုးသားများသည် ဘာသာရေး၊ သာသနာရေးသမိုင်းကြောင်းသာမကပဲ အမျိုး သားရေးသမိုင်းကြောင်း၊ နိုင်ငံရေး စစ်ရေးသမိုင်းကြောင်း၊ တော်လှန်ရေးသမိုင်းကြောင်းတွေမှာ မည်သို့နီးစပ်မှု ရှိခဲ့သည်ကို ဖြစ်ပြီးခဲ့သောတကယ့်ဖြစ်ရပ်မှန်တွေအရ သိရှိနိုင်သည်။

နောင်လာနောက်သား မျိုးဆက်လူငယ်များသိရှိထားပါက အကျိုးရှိမည်၊ အဖိုးတန်မည်ဟူသော မွန်မြတ်သည့် ရည်ရွယ်ချက်ဖြင့် ဤသမိုင်းမှတ်တမ်းကို ရပ်ဝေးကချင်လူငယ်အသင်း(KYAA)မှ တာဝန်ယူပြီး ပုံနှိပ်ထုတ်ဝေပါ သည်။


အမှုဆောင်များ
ရပ်ဝေးကချင်လူငယ်အသင်း
(1993 October)

မှတ်တမ်းရေးသားပြုစုသူ ဗိုလ်မှူးကြီးဘန်လင်ဇော်တူး၏ 

ကိုယ်ရေးအကျဉ်း 

ကျွန်တော်ဗိုလ်မှူးကြီး ဇော်တူးသည် ဗန်းမော်ခရိုင် ဘန်လင်ကျေးရွာတွင်မွေးဖွါးခဲ့သည်။

အသက် ၈နှစ်အရွယ် တွင် ကျွန်တော့်ဦးလေးနှင့်အဒေါ်အိမ်၌ နေထိုင်ခဲ့သည်။
အသက် ၉နှစ်အရွယ် ဗန်းမော်ခရိုင် စိန်လုံကဘားမြို့ရှိ အစိုးရကျောင်းတွင် စတင်ပညာသင်ကြားရာ ကျောင်းတက်
နေစဉ်အတွင်းဖျားသဖြင့် မိဘနေရပ်ဘန်လင်ကျေး ရွသို့ပြန်ပြီး၊ အသက် ၁၁နှစ်မှ ကျောင်းပြန်ဆက်တက်သည်။
စိန်လုံကဘားကျောင်းမှ နမ့်ခမ်းမြို့ ခရစ်ယာန်သာ သနာပြုကျောင်းသို့ ပြောင်းရွှေ့ပညာသင်ကြားသည်။
ထိုသို့ပညာသင်ကြားနေစဉ်အတွင်း ၁၉၄၂ခုနှစ်တွင် ဒုတိ ယ ကမ္ဘာစစ်ဖြစ်ကာ ကျောင်းများအားလုံးပိတ်၍ ပညာ ဆက်လက်မသင်ကြားနိုင်တော့ပါ။

၁၉၄၂ခုနှစ် မတ်လ(၁)ရက်နေ့တွင် ဗြိတိသျှလက်အောင်ရှိ ပုလိပ်တပ်သို့ဝင်၍ ပုလိပ်ဝင်လုပ်သည်။
ထိုအချိန်က တလလျှင် ၂၄ရူပီး လစာရသည်။
၁၉၄၂ခုနှစ် မေလ ၅ရက်နေ့တွင် ဂျပန်တပ်များ ဗန်းမော်မြို့ကိုဝင်ရောက်သိမ်း ပိုက်သည်။
ဗြိတိသျှအစိုးရ အုပ်ချုပ်ရေးယန္တရားပျက်ပြားသွားပြီဖြစ်၍ ကျွန်တော်လည်းပုလိပ်မလုပ်တော့ပဲကျွန်တော့်ဦးလေး
နှင့် အဒေါ်အိမ်ပြန်နေသည်။

ထိုအချိန်တွင် ဖက်ဆစ် ဂျပန်အုပ်ချုပ်ရေးစနစ် စတင်နေချိန်ဖြစ်ပြီး ဖက်ဆစ်ဂျပန်များကိုတော်လှန်ရန်အတွက် ဗြိတိသျှတပ်တွင် ထောက်လှမ်းရေးတာဝန်ထမ်းဆောင်ခဲ့သည်။
ဗိုလ်မှူးကြီးခွန်နောင် ကထောက်လှမ်းရေးအ ရာရှိအဖြစ်တာဝန်ယူပြီး ဗိုလ်မှူးကြီးဇောဂျွန်း က အိန္ဒြိယပြည်မှလေ ယာဉ်ဖြင့်အလောဘွမ်တောထဲ လေထီးဖြင့်ခုန်ချကာ ၀ိုင်ယာလက်စက်ဖြင့် ဖက်ဆစ်ဂျပန်များ၏လှုပ်ရှားမှုများကို သတင်းယူ သတင်းပို့ တာဝန်ယူသည်။ 
ဗိုလ်မှူးကြီးခွန်နောင်နှင့် ဗိုလ်မှူးဇော်ဂျွန်းတို့သည် ဗြိတိသျှအစိုးရတပ်မှ ကချင်အမျိုးသားတပ်မှူးများဖြစ်သည်။

ကျွန်တော့်အား ဗိုလ်မှူးကြီးခွန်နောင် က ဗန်းမော်လေယာဉ်ကွင်းတွင်ကူလီခေါင်းလုပ်ခိုင်း၍ ဂျပန်များ၏လှုပ်ရှား မှုကို ထောက်လှမ်းခိုင်းသည်။ ကျွန်တော်လည်း လေယာဉ်ကွင်းဆောက်လုပ်ရာတွင် လိုအပ်သောအလုပ်သ နားများ စုစည်းခေါ်ယူရင်း ဗိုလ် မှူးကြီးခွန်နောင်ထံ ပုံမှန်သတင်းပို့ခဲ့သည်။

နောက်များမကြာမှီ ဂျပန်များရု့းစိုက်ရာ ဗန်းမော်မြို့နှင့် လေယာဉ်ကွင်းအား ဗြိတိသျှလေတပ်မှ ဗုံးကြဲတိုက်ခိုက် သည်။ ဗိုလ်မှူးကြီးခွန်နောင်နှင့်အတူ စိန်လုံကဘားသို့ထွက်ပြေးသည်။
ထိုအချိန် ဗိုလ်မှူးဇောဂျွန်းလွှတ်လိုက်သော တရုတ်တပ်မှတရုတ်များနှင့်လိုက်ပါသွားသည်။
၎င်းတရုတ်တပ်များဖြတ်သန်းခဲ့သောရွာများတွင် တရုတ် တပ်များ ဓါးပြတိုက်သဖြင့် ရွာသားများက ကျွန်တော် တို့နှစ်ဦးအားဖမ်းဆီးရန် ဂျပန်ကိုတိုင်သည်။
ဗိုလ်မှူးကြီးခွန်နောင်၏ သားသမီးများကို ဒုက္ခမပေးပါ။
နောက်ပိုင်းဗြိတသျှတပ်နှင့်တွေ့ဆုံပြီး ဗြိတိသျှတပ်သို့ဝင်၍ ဖက်ဆစ်ဂျ ပန်များကိုတော်လှန်ရန် စစ်မှုထမ်းခဲ့သည်။

ထိုသို့ဗြိတိသျှတပ်တွင် စစ်မှုထမ်းနေစဉ်အတွင်း မြစ်ကြီးနားခရိုင် ၀ါးရှောင်၊ ဂွေထူဒေသများတွင်တာဝန်ထမ်း
ဆောင်နေစဉ် ဖျားသဖြင့်ဗြိတိသျှစစ်တပ်မှ အိန္ဒြိယပြည်နယ် အာသံ(Assam) သို့ဆေးကုရန် လေယာဉ်ဖြင့်ပို့ လိုက်သည်။
အာသံစစ်ဆေးရုံ၌ တလကြာ ဆေးကုသမှုခံယူပြီး ဗြိတိသျှစစ်တပ်မှ ၁လ နားခွင့်ပေးသည်။
ထို့နောက် အိန္ဒြိယပြည် ဥတရာပရာဒက်ပြည်နယ်ရှိ (Deharadun) မြို့သို့ ကျွန်တော့်အား စစ်သင်တန်းယူရန်ပို့ လိုက်သည်။
စစ်သင်တန်းပြီးသည့်နောက် ပန်ဂျပ်ပြည်နယ် ဟူရှာမြို့တွင်တာဝန်ထမ်းဆောင်နေစဉ် ဒုတိယကမ္ဘာစစ်ကြီး ပြီး ဆုံးသွားသဖြင့် မြန်မာပြည်သို့ သင်္ဘောဖြင့်ပြန်လာခဲ့သည်။
ကျွန်တော်၏ မိခင်တပ်ရင်းမှာ (2nd-Burma Rifle)ဖြစ်သည်။

စစ်ပြီးနောက်ပိုင်း (1st-Kachin Rifle)သို့ပြောင်းပြီး ဗမာပြည် ကွန်မြူနစ်များကိုတိုက်ရင်း ဖဆပလ ခေတ် ကရင့်တော်လှန်ရေးပေါ်ပေါက်လာသဖြင့် ဗိုလ်ချုပ်နော်ဆိုင်း ဦးဆောင်သော ကချင်တပ်နှင့် ကရင်တပ်များပူး
ပေါင်းသော တော်လှန်ရေးလှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီး ဖဆပလ အစိုးရကိုတော်လှန်ရင်း ယခုတိုင် ကရင်နယ်မြေတွင်ကျန်ရစ်ခဲ့သည်။

 ဗိုလ်မှူးကြီးဘန်လင်ဇော်တူး 

(ဤတွင် ဗိုလ်မှူးကြီးဘန်လင်ဇော်တူး၏ ကိုယ်ရေးအကျဉ်းပြီး၏)

ရှာဖွေရေးသား ဖေါ်ထုတ်သူ

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

 ဆက်လက်ရေးသားဖေါ်ပြသွားပါမည်။

Copy from http://phutarmite.blogspot.com/2012/06/blog-post_5399.html

လ်ုယါ့ခ၀့်အှ်ဍါ်...

ဖူ့တာမိက် အ်ုဆုအဲ

အှ်ဆံင်းလာၟဆ်ါကိုဝ်ၟဟှာဍေ

ယ်ုလုကေ၀်လိက်္ဘး အ်ုခါ့ဖါယိက်ယုဂ်ဆေ၀်ၟ အ်ုယိုဝ်ဏှ်ဍ၀် မွဲါယ်ုကေ၀်လိက် အ်ုခါ့အှ်ပုသ်ါအေး အ်ုခေါဟ်စံင် ဏ်ုသီးဏးသှေ်ဖှေ်လာၟယု ကိုဝ်ဟှာဍ္ဘှေ်။
အ်ုဖင့်လး ဆ်ုဟှင်မိုင့် လ်ုခါ့ယိုဝ် ယ်ုလေ၀်အင်းဖံင်းဏေ၀်လု ဖူ့တာမိက် အ်ုဆုလင်ၟဏှ်ဆေ၀်လှ်။
ပ်ုဆိုဒ်ဖေါဟ်လ်ုဖး္ဘေ့သိုဝ် မ်ုဏင်းဆိုင့်ထါင် ပ်ုထူၟရှု့ပ်ုမုင်ၟ္ဘျာ မ်ုသှေ်သိုဝ်အ်ုဟှင်ၟ ဏု ယု အု ပု လုက်ဆိင့် အ်ုတင်အှ်ဝေ့ဆေ၀်လှ်။
ဆံင့်ဏးယှံင်္ဘးလာၟဆါ်။


ယှူးခႜိင်း္ဘှ်ယ၀့် ကျာ်သြီ့ထင်းထ၀့်လာၟဝေ့ ကိုဝ်ၟဟှာဍေဆါ်။
ဖူ့တာမိက်ဟှေး ဆ်ုဂုဏ်ဍေါဟ်မာၟလှ်။

ဖ၀့်ကေ၀်ကေ၀်

လ်ုယါ့ခ၀့်အှ်ဍါ်...

ဆ်ုအဲထါခေါဟ်

အှ်ဆံင်းလာၟဆ်ါကိုဝ်ၟဟှာဍေ
ဆံင့်ဏးယေါဝ်ၟဖိုင်ယှံင်္ဘးလာၟ ထါခေါဟ်လ်ုပုဂ်ယိုဝ်ဆါ်
စ်ါဂုဏ်စ်ါတ္ဘား ဆ်ုကေ၀်ယိုင်ယှံင်ထါခေါဟ်ဍေ ဆ်ုပါထၞူ့လင်ဆါၟသီး ကိုဝ်ၟဟှာဍေလှ်ဆါ်


နာန်ၟက၀်ကေ၀်ဖ၀့်

လ်ုယါ့ခ၀့်အှ်ဍါ်...

ထါခေါဟ်ဖႜုံ

သဲုး၀၀်လာၟဆ်ါကိုဝ်ၟဟှာဍေ

အ်ုယိုဝ်ဏှ် မွဲါဝေ့ ထာခေါဟ်ဖႜုံလ်ုပုဂ်ဆေ၀်ၟလှ် လာၟဏင့် မွဲါပ၀့်ကေ၀်လဲ မွဲါပ၀့်ယိုင်လဲ ဏှ် သှေ်ယါ့ကဲလိုင်အေး လာၟဏင့်္ဘိုဝ် ဆ်ုသာယူၟဍေဆ်ုလံင့်ကံင် အ်ုဖင့်ခေါဟ် ထုင်ၟတင်လု္ဘးလိုင်္ဘး အ်ုခေါဟ်စံင် ဆ်ုယိုင်ယှံင်လင်ဆ်ုလ်ုဟှာ ယိုင်ယှံင်ဖှေ်ဝေ့ ဆေ၀်ၟလှ်။


ဆံင့်ဏးယှံင်ယေါဝ်ၟ္ဘးလာၟကိုဝ်ၟဟှာဍေဆါ်။



နာန်ၟက၀်ကေ၀်ဖ၀့်

လ်ုယါ့ခ၀့်အှ်ဍါ်...

ထါခေါဟ်သါင့်

ထါခေါဟ်သါင့်လ်ုပုဂ်ယိုဝ် ဆံင်းဏးမုက်အ်ုခေါဟ်စံင် ယ်ုခႜိုဝ်လင်္ဘးဆေ၀်ၟလှ်ဆါ်။


ဆံင်းဏးယှံင်္ဘးလါၟကိုဝ်ၟဟှာဍေ


ဆံင့်ဏးယှံင် ထါခါဟ်မေါဝ်ၟဍေါဟ်မာန်ထ၀့် အ္စာဆြာ့သီးကိုဝ်ၟဟှာဍေ ကျာ်သြီ့ထင်းထ၀့်လာၟဝေ့ဆါ်။

သုဲး၀၀္လာၟဆၚ
နာန်ၟက၀်ကေ၀်ဖ၀့်

လ်ုယါ့ခ၀့်အှ်ဍါ်...

ဆု္ဘီးသိုဝ်

ယှူးမုက်လာၟဆ်ါကိုဝ်ၟဟှာဍေ

အ်ုယိုဝ်လု္ဘႜင်ယိုဝ်ဏှ် ယ်ုအင်းထုင့်ဏေ၀်ၟ လ်ုဆ်္ဘုီးသိုဝ်ခ၀့်(Trash) အ်ုဏါင် စီဍီလု္ဘိင်းယိုဝ် ဟှေဝ်ပ်ုသါ်လိုင်အေး အ်ုခေါဟ်စံင် ဆာၟမွဲါ အ်ုဏေ၀်ၟဏှ် ယ်ုထုဂ်ထင်း္ဘးဆေ၀်ၟ္ဘှ်။

ပ်ုဖႜုံဆိုဒ်မူးလ်ုဟှာ ဏေ၀်ၟ္ဘးဝေ့ ဆ်ုကှ်လးယှေဟ်(Scholarship) မ်ုထင်းစံင်မံင်ဘာၟ(collage) အ်ုဟှင်ၟဏေ၀်ၟဝေ့ အ်ုဏိင်းလ်ုဆီ့
ဆ်ုမ္ဘာိုဝ်မာဆိုင်ဆေ၀်ၟလှ်။

အ်ုခေါဟ်စံင်္ဘေ့သိုဝ် ဆိုဒ်ဆိုဝ်သင့် ဖေါဟ်ဍီပြီး လ်ုဖး မာၟဏေ၀်ၟအ်ုဍံင်မ်ုသှေ်သိုဝ်အ်ုဟှင်ၟ ယ်ုထုဂ်ထင်း္ဘးဆေ၀်ၟလှ်။
ယ်ုဍးဏေ၀်ၟ ဆ်ုလ်္ဘိုင်းယိုဝ် လု ဆ်ုခံင်္ဘေ၀့်ဖိုင်သာ လ်ုယာလိုင့်(Su Kunvit  soi 101) ဆု္ဘီးသိုဝ်ခ၀့် အ်ုဏါင်ဃှံင် ဏှ်ဆေ၀်ၟလှ်။
ယောဝ်ၟဖိုင်ယှံင်္ဘးလာၟကိုဝ်ၟဟှာဍေဆါ်။



သုဲး၀၀္လာၟဆၚ။
နာန်ၟက၀်ကေ၀်ဖ၀့်

လ်ုယါ့ခ၀့်အှ်ဍါ်...