1. 2.

ကရင့်တော်လှန်ရေးအစပိုင်းတွင် ကချင်တပ်များပူးပေါင်းပါဝင်မှု မှတ်တမ်းအကျဉ်းချုပ


ကရင့်တော်လှန်ရေးအစပိုင်းတွင် 
ကချင်တပ်များပူးပေါင်းပါဝင်မှု
မှတ်တမ်း အကျဉ်းချုပ်

၁၉၄၈ခုနှစ်မြန်မာပြည်လွတ်လပ်ရေးရအပြီး အုပ်စုဖွဲ့သောနိုင်ငံရေးလှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။ အမှန်မှာ နိုင်ငံရေးအဖွဲ့အစည်းများသည်လွတ်လပ်ရေးမရခင်ကတည်းက ရှိနေပြီးသားဖြစ်သည်။

လွတ်လပ်ရေးရပြီးနောက် ပေါ်ပေါက်လာသောအုပ်စုများမှာ
(၁)ဗမာပြည်ကွန်မြူနစ်ပါတီ။
(၂) ရဲဘော်ဖြူ။
(၃) အလံနီ။
(၄) ကေ အန်န်ဒီအို။
(၅) အမ်မ်အန်န်ဒီအို များ ထင်ပေါ်ကျော်ကြားလာသည်။

၎င်းတို့အထဲမှ ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် ရဲဘော်ဖြူတို့သည် ဖဆပလကိုမကျေနပ်(ထိုင်ခုံလုကြသည်)၊
ထို့ကြောင့် ဦးစွာတောခိုကြသည်။
ဖဆပလ အစိုးရကို လက်နက်ကိုင်တိုက်ပွဲဝင် တော်လှန်ပုန်ကန်ကြသည်။
ဂျပန်ခေတ် သို့မဟုတ် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက် မြန်မာပြည်လွတ်လပ်ရေးမရခင် အင်္ဂလိပ်အစိုးရ က
မြန်မာနိုင်ငံအတွက် စစ်တပ်များဖွဲ့စည်းပေးခဲ့သည်။
မြန်မာပြည်ကိုကာကွယ်ရန် အောက်ပါအတိုင်းဖွဲ့စည်းထားသည်။
ဗမာအမျိုးသား သတ်သတ်ဖြင့် ဗမာ့သေနတ်ကိုင်တပ်ရင်း(Burma Rifle) ဗမာ့သေနတ်ကိုင်(၁) တပ်ရင်း(၃) (၄) (၅) (၆)တို့ဖြစ်သည်။

ဗမာ့သေနတ်ကိုင်တပ်ရင်း(၂) (2nd-Burma Rifle)သည် ဗမာ့သေနတ်ကိုင်တပ်ရင်းဟုခေါ်သော်လည်း ၎င်းတပ် ထဲတွင် ကချင်၊ ချင်း၊ ကရင်များသာရှိ၍ ဗမာအမျိုးသားများ လုံးဝမပါဝင်ချေ။ ၎င်းတပ်ရင်းသည် ကုလားပြည် (India)သို့ ဒုတိယကမ္ဘာစစ်အတွင်း ရောက်သွားသောတပ်ဖြစ်သည်။


General Wingate

(Chin dit force)ခြင်္သေ့တပ်ဟုခေါ်သော (General Wingate)၏ တပ်ဖြစ်သည်။
ထိုတပ်ထဲတွင် အင်္ဂလိပ်စစ်သား၊ ဂေါ်ရခါးစစ်သား၊အာဖရိကန်စစ်သားများလည်း ရောနှောပါဝင်သေးသည်။ (2nd-Burma Rifle)တပ်၏တာဝန်မှာ (General Wingate)၏ တပ်များကိုလမ်းပြရန်၊ ထောက်လှမ်းရေး လုပ် ငန်းများလုပ်ရန်ဖြစ်သည်။
လူမျိုးစုများကိုလည်း ကရင်သေနတ်ကိုင်တပ်ရင်း(Karen Rifle) (၁) (၂) (၃)၊ ကချင်သေနတ်ကိုင်တပ်ရင်း (Kachin Rifel) (၁) (၂) (၃)၊ ချင်းသေနတ်ကိုင်တပ်ရင်း (Chin Rifel) (၁) (၂) (Chin Hill Battalion) ဆိုကာ ဖွဲ့စည်းထားသည်။

ထို့နောက်ဗမာ့သေနတ်ကိုင်တပ်များ တောခိုသည်။
ထိုတပ် ရင်းများမှာ (1st-Burma Rifle) (2nd-Burma Rifle) (3rd-Burma Rifle) အချို့(UMPGT) တပ်၊ အခြား
တပ်များ အနည်းငယ်ပါဝင်သည်။
(4th-Burma Rifle)နေ၀င်းကိုင်သောတပ်သည် တောခိုခြင်းမရှိ။
၎င်းတို့တောခိုရန် ပထမ စည်းဝေးသောအခါ ဗိုလ်နေ၀င်းကိုယ်တိုင်ပါဝင်ရန်ဖြစ်သော်လည်း နောက်ပိုင်းမည်ကယ့်
သို့ စိတ်ပြောင်းလဲသွားသည်ကို မသိရပါ။ ပါဝင်ခြင်းမရှိပါ။ တောခိုရန်ပြဿနာကို ဗိုလ်နေ၀င်းအားလုံးသိသည်။
သို့သော် အစိုးရအဖွဲ့အစည်းကို အသိမပေးပါ။
တောခိုသွားသည့်တပ်များကို တိုက်ရန်အတွက် နယ်မြေခွဲပြီးစစ်ဆင်ရေးလုပ်တော့သည်။

(2nd-Kachin Rifle)နှင့်(2nd-Karen Rifle)တပ်များ ပြည်မြို့နယ်ကိုတာဝန်ပေးသည်။
(2nd-Kachin Rifle)မင်္ဂလာဒုံမှ သာယာဝတီသို့၊(2nd-Karen Rifle)မိတ္ထီလာမှရေနံချောင်း၊ အောင်လံ ပြည်မြို့
သို့ ဦးတည်တိုက်ခိုင်းသည်။
ထိုးစစ်ကို (2nd-Kachin Rifle)နှင့်(2nd-Karen Rifle)တပ်များညှပ်ပြီးပြည်မြို့ကို ကွန်မြူနစ်လက်မှ သိမ်းယူရန်
ဖြစ်သည်။

(1st-Kachin Rifle)သည် ပျဉ်းမနား၊တပ်ကုန်း၊ ရမည်းသင်း၊ ကန်သာနယ်မြေများကို ထိုးစစ်ဆင်သည်။ (3rd-Karen Rifle)စစ်ကိုင်းနယ်၊(1st-Karen Rifle)သည် တောင်ငူနယ်၊(2nd-Burma Rifle)သည် ညောင်လေး
ပင် နယ်မြေ၊ (2nd-Chin Rifle)သည် ပဲခူးနယ်မြေ၊ (1st-Chin Rifle) သည် ရန်ကုန်မြို့လုံခြုံရေး ယူထားသည်။

မှတ်ချက် ထိုအချိန်တွင် ဗမာတပ်များ မြို့လုံခြုံရေးဖြစ်သည်။

တောခို၍ ကျန်ရစ်ခဲ့သောတပ်ရင်း (၆)မှ တပ်သားများ ပဲခူးခရိုင်တွင် လှုပ်ရှားမှုအနည်းငယ်ပေးသည်။

(1st-Kachin Rifle)သည် ပျဉ်းမနားနယ်မြေကို တိုက်ခိုက်ရှင်းလင်းရန်အတွက် မေမြို့ ပျဉ်းမနား သာဝတ္ထိ သို့
ရွှေ့ပြောင်းလာပြီး သာဝတ္ထိတွင်ရှေ့တန်းရုံးစိုက်လျက် ၁၉၄၈ခုနှစ် ဧပြီလမှစ၍ ထိုးစစ်ဆင်လေတော့သည်။
၎င်းထိုးစစ်တွင်(C-coy, D-coy)များကိုအသုံးချသည်။
ထိုတပ်ခွဲနှစ်ခွဲကို တပ်ခွဲမှူး ဗိုလ်ကြီးနော်ဆိုင်း အမြဲတမ်းတာဝန်ယူသည်၊ နောက်ပိုင်းလုံခြုံရေးကို(A-coy)က တာဝန်ယူသည်။
ထိုအချိန်တွင် ကွန်မြူနစ်လှုပ်ရှားမှု သိသိသာသာနည်းသွားသည်၊နယ်မြေအများစုကို ထိန်းထားနိုင်ပြီဖြစ်သော် လည်း တောင်တွင်းကြီးနယ်မြေ၌ လှုပ်ရှားမှုများရှိနေသေး၍ ထိုနေရာသို့(D-coy)ကိုတာဝန်ပေးသည်။

တောင်ညို၊ ဟင်းကုန်း ကို (c-coy)မှ တာဝန်ယူတိုက်ခိုက်နေချိန် ၁၉၄၉ခုနှစ်ဇန္န၀ါရီလကုန်ခါနီး(ရက်အတိအကျ မမှတ်မိတော့)တပ်ရင်းမှစာတစောင်(C, D-coy)တပ်ခွဲမှူးထံရောက်လာသည်။
၎င်းစာထဲတွင်  ကရင်သူပုန်ထပြီ ဤစာရရှိပါက ချက်ခြင်းတပ်ရင်းသို့ပြန်လာရန် ဟု ပါရှိပါသည်၊
ထိုစာကြောင့်တပ်ခေါက်လာပြီး သာဝတ္ထိသို့ပြန်စုရုံးကြသည်။
တပ်ရင်းဌာနချုပ်သို့ပြန်ရောက်ပြီး ၂ရက်နားပြီးသောအခါ တပ်ဗိုလ်များစည်းဝေးကြသည်။

တပ်ရင်းမှူး ဒုတိယဗိုလ်ကြီး ဇော်ဂေါင်က ပြောကြားသည်မှာ အခု ကျွန်တော်တို့ အစိုးရလခစားသည့်အတွက် ကရင်ကိုတိုက်ရမည်၊ သို့သော်ကြည့်တိုက်ရမည် ဟုပြောသည်၊ အခြားဗိုလ်တွေဘာမျှမပြောကြ။
ဗိုလ်ဇော်တူး (D-coy)က မြွေကယ့်သို့ဥာဏ်ရှိပြီး ချိုး(ဂျိုး)ကယ့်သို့လိမ္မာရမည် ဟုပြောသောအခါလူတိုင်းဝိုင်း
ရယ်(ရီ)ကြသည်

ညနေပိုင်း(Mess)တွင်တပ်ဗိုလ်များအနားယူသောအခန်း၌ ဘီယာ၊ရမ် သောက်ရင်း အချို့က ဗမာအစိုးရ မ
ကောင်းကြောင်းပြောကြသောအခါ ဗိုလ်ကြီးနော်ဆိုင်းနှင့် တပ်ရင်းမှူးတို့အငြင်းအခုံဖြစ်လေသည်၊
ဗိုလ်ကြီးနော်ဆိုင်း၏အကြောင်းပြချက်မှာ ယခုလက်ရှိကွန်မြူနစ်ကို တိုက်၍မပြီးခင် ကရင်ကိုပြန်တိုက်ရမည်ဖြစ်
၍ မိမိတို့အနေဖြင့် တပ်အကူအညီဘယ်က ရမည်နည်း။
အဓိပ္ပါယ်သည် အစိုးရမကောင်းသဖြင့် လူတိုင်းမကြေမနပ်ဖြစ်နေသောကြောင့် တော်လှန်ကြသည်ကို ဆိုလိုခြင်း
ဖြစ်သည်။

ထိုအခါ တပ်ရင်းမှူးက ဟေ့ နော်ဆိုင်း ခင်ဗျားမလုပ်ချင်လျင် ထွက်ပါ ဟုဆိုသောအခါ ဗိုလ်ကြီးနော်ဆိုင်းက ထွက်ဘို့ပြောနေတာမဟုတ်ဘူး ဟုပြန်ပြောလေသည်၊ ညစာစားပြီးနောက် အုပ်စုဖွဲ့ပြီးစကားပြောကြသည်၊
ဗိုလ်ကြီးနော်ဆိုင်းကို ထောက်ခံသောသူများသည်။

ရေတာရှည်၊ တောင်ငူဘက်သို့ချီတက်ရန် အစီအစဉ်လုပ်ကြလေသည်။


ဆက်လက်ရေးသားဖေါ်ပြပေးသွားပါမည်။

(မင်းစိုးစံ)
အဝေးရောက် ကရင်ဒုက္ခသည်တဦး

မေတ္တာရပ်ခံ အသိပေးခြင်း

အခု သမိုင်းကြောင်းကို စာအုပ်ထဲကနေ ရေးသားကူးယူပြီး နည်းနည်းချင်း တင်ပြနေတာဖြစ်ပါတယ်။
မူရင်းအတိုင်း ၏ သည် မရွေ့ရေးသားတင်ပြထားတာပါ။
စာအုပ်ကလေးက ငယ်သလောက် စာလုံးလေးတွေက အတော်လေးကို သေးငယ်လွန်းလှပါတယ်။
(ကျုပ်ရဲ့ အမြင်အာရုဏ်အနေနဲ့)။

ဒါကြောင့်အတော်ကြီးကို စာလုံး အမှားအယွင်းမရှိရလေအောင်အာရုဏ်စိုက်ပြီး ကူးယူရပါတယ်။
(ကျုပ်ရဲ့ အသက်အရွယ်အရ)။

ဒီတော့ကာ သည်းခံပြီးတော့ စောင့်ဆိုင်းဖတ်ရှုစေလိုပါတယ်။
တဆင့် ကူးယူပြီး လက်ဆင့်ကမ်းကြစေလိုပါတယ်။
သို့သော် တဆင့်ကူးယူဖေါ်ပြပေးမယ်ဆိုလျင် မူရင်းရေးသားတဲ့ ဖူ့တာမိက်ဘလော့ဂ် လိပ်စာလေး
ကိုပါ ပူးတွဲဖေါ်ပြပေးစေလိုပါတယ်။
ရေးသားဖေါ်ပြလိုတဲ့ကျုပ်ရဲ့စိတ်ကို အင်အားဖြည့်ပေးတဲ့အနေနဲ့ပေါ့ဗျာ။

ဝါသနာတူသူ ဘလော့ဂါအားလုံးကို လေးစားပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

Copy from http://phutarmite.blogspot.com/2012/06/blog-post_21.html

0 comments: